ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွင့်ပြုချက်ပါ လုပ်ငန်းများနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ နေပြည်တော် ၊ စက်တင်ဘာ ၁၁

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွင့်ပြုချက်ပါ လုပ်ငန်းများနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ   နေပြည်တော် ၊ စက်တင်ဘာ ၁၁

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွင့်ပြုချက်ပါ လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအစည်းအဝေးကို ၁၁-၉-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ၁၀၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်)ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေး၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင်ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာ (မူကြမ်း)နှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ဦးစောသန်းထွဋ်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ပူးပေါင်းကော်မတီဝင်များ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဝင်များနှင့် ပြည်သူ့ငွေစာရင်းကော်မတီဝင်များ ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။


Related Posts: