IDEA, Monitoring and Evaluation အဖွဲ့၊ Palladium အဖွဲ့နှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့၏ တွေ့ဆုံဆွေးနွေးပွဲကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၈

IDEA, Monitoring and Evaluation အဖွဲ့၊ Palladium အဖွဲ့နှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့၏ တွေ့ဆုံဆွေးနွေးပွဲကျင်းပ   နေပြည်တော်၊ အောက်တိုဘာ ၈

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီသည် ၈-၁၀-၂၀၁၉ ရက် (အင်္ဂါနေ့) ၁၀၀၀ နာရီတွင်၊ IDEA, Monitoring and Evaluation အဖွဲ့နှင့်၊ ၁၅၀၀ နာရီတွင် Palladium အဖွဲ့ နိုင်ငံခြားသားကိုယ်စားလှယ်တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်(D-ဆောင်) ပထမထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲ၌ International IDEA ၏ စီမံချက်အဆိုပြုလွှာနှင့်စပ်လျဉ်း၍ IDEA, Monitoring and Evaluation အဖွဲ့မှလည်းကောင်း၊ DFID ၏ (၄)နှစ်တာ အစီအစဉ်နှင့်စပ်လျဉ်း၍ Palladium အဖွဲ့မှလည်းကောင်း အသီးသီးဆွေးနွေးကြပြီး ပူးပေါင်းကော်မတီဝင်များက မေးမြန်းဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ဦးစောသန်းထွဋ်၊ အတွင်းရေးမှူးနှင့် ပူးပေါင်းကော်မတီဝင်များ၊ International IDEA မှ ကိုယ်စားလှယ်အဖွဲ့၊ Palladium ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


Related Posts: