သုတေသနစွမ်းရည်ဆိုင်ရာဆွေးနွေးပွဲကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၈

သုတေသနစွမ်းရည်ဆိုင်ရာဆွေးနွေးပွဲကျင်းပ   နေပြည်တော်၊ အောက်တိုဘာ ၈

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းများအတွက် “သုတေသနစွမ်းရည်ဆိုင်ရာ ဆွေးနွေးပွဲ” ကို နေပြည်တော်လွှတ်တော်ဝင်း၊ ဇမ္ဗူသီရိဆောင်ရှိ၊လွှတ်တော်သင်ကြားရေးဌာန၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်မှ ၁၀ ရက်ထိ ဆောင်ရွက်မည်ဖြစ်သည်။ ဆွေးနွေးပွဲကို Westminster Foundation for Democracy-WFD ၏ အစီအစဉ်ဖြင့် မြန်မာလွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ယူကေအောက်လွှတ်တော် (UK, House of Commons) မှ ကျွမ်းကျင်ပညာရှင်များဖြစ်သည့် Mr. Christopher Blanchett, Mr. David Torrance, Ms.Lina Jovaisaite, နှင့် Ms. Jennifer Brown တို့ကဦးဆောင်ပြီး ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သုတေသနဝန်ထမ်းများက ဝိုင်းဝန်းဆွေးနွေးကြသည်။

ထို့သို့ဆွေးနွေးရာတွင် လွှတ်တော်သုတေသနဆိုင်ရာ အခြေခံမူများနှင့် ဝေဖန်ပိုင်းခြားစဉ်းစားခြင်း (Critical thinking)၊ တစ်ဦးချင်းစုံစမ်းမေးမြန်းမှု (enquiry) လက်ခံနည်း၊ သုတေသနဌာနမှ ထုတ်ဝေလျက်ရှိသည့် စာတမ်းတိုအမျိုးအစားများ၊ စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒနှင့် ကိုယ်စားလှယ်ဝန်ဆောင်မှု (customer service)၊ ခေါင်းစဉ်ရွေးချယ်နည်းနှင့် စာတမ်းတိုဖွဲ့စည်းတည်ဆောက်ပုံ၊ ဆက်သွယ်၊ ဆက်ဆံရေးစွမ်းရည်၊ အင်တာနက်ပေါ်တွင် သတင်းအချက်အလက်များရှာဖွေနည်း၊ အောက်ခြေမှတ်စုနှင့် ရည်ညွှန်းကိုးကားချက်များ၊ အကျဉ်းချုပ်ရေးသားနည်းခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး မရှင်းလင်းသည်များ၊ ထပ်မံသိရှိလိုသည့်အချက်များကို ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးကြသည်။

သုတေသနစွမ်းရည်ဆိုင်ရာဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ရုံးများမှဝန်ထမ်း (၂၈) ဦးနှင့် ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံးတို့မှ သုတေသနဝန်ထမ်းများအပါအဝင် စုစုပေါင်း (၅၄) ဦး တက်ရောက်ကြသည်။

Related Posts: