ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာခြင်း နေပြည်တော်၊ နိုဝင်ဘာ ၂၈

ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာခြင်း   နေပြည်တော်၊ နိုဝင်ဘာ ၂၈

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ နဝမနေ့သို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ မိသားစုဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ တဆင့်လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း (၁၄၀) ဦး တက်ရောက် လေ့လာခဲ့ကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့ အထိ လွှတ်တော်သို့လာရောက်လေ့လာသူပေါင်း (၆၀,၂၇၁) ဦး ရှိကြောင်း သတင်းရရှိသည်။

လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံး တို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ပါသည်။

Related Posts: