ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွမှု မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၉

ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွမှု မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၉

ပြည်ထောင်စုလွှတ်တော်ရုံး၊ ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်အားထက်သန် တက်ကြွမှု မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲပထမနေ့ကို ၉-၁-၂၀၂၀ ရက်(ကြာသပတေးနေ့) ၁၃၃၀ နာရီ အချိန်တွင် လွှတ်တော်သင်ကြားရေးဗဟိုဌာန၊ ဇမ္ဗူသီရိခန်းမဆောင်၌ ကျင်းပခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဦးစွာ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် က အဖွင့်အမှာစကား ပြောကြားပြီး သုတေသနဌာနစုမှ ညွှန်ကြားရေးမှူး ဒေါ်နီနီအေး က “ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွမှုမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စာတမ်းများ ဖတ်ကြားခြင်း အစီအစဉ် ပထမပိုင်းကို ဆောင်ရွက်ရာ ဥပဒေပြုဌာနကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဇော်ဟိန်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဥပဒေပြုဌာနကြီး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးကျော်မှ “ဝန်ထမ်းများလုပ်ငန်းခွင် စိတ်အား ထက်သန်ရန်လှုံ့ဆော်ခြင်း” စာတမ်းခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားပြီး တက်ရောက်လာသော ဝန်ထမ်းများက မေးမြန်းသောမေးခွန်းများကို စာတမ်းရှင်က ပြန်လည်ဖြေကြားပြီး အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ အစီအစဉ်ကို ၁၆၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ၁၀-၁-၂၀၂၀ ရက်(သောကြာနေ့) ၁၂၃၀ နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။






Related Posts: