ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် World Bank Mission တို့၏ တွေ့ဆုံဆွေးနွေးပွဲကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် World Bank Mission တို့၏ တွေ့ဆုံဆွေးနွေးပွဲကျင်းပ   နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် World Bank Mission တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ၁၀-၂-၂၀၂၀ ရက် (တနင်္လာနေ့) ၀၉၀၀ နာရီနှင့် ၁၄၀၀ နာရီတို့တွင် ပြည်ထောင်စုလွှတ်တော်(D-ဆောင်)၊ ပထမထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲ၌ PFM Academy တွင် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ ဘဏ္ဍာရေးနှင့် ဘတ်ဂျက်စောင့်ကြပ်ကြည့်ရှုမှုအား အထောက်အကူပြုနိုင်ရန် ဝန်ထမ်းများအတွက် လိုအပ်သော သင်တန်းများနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် World Bank Mission တို့မှ တာဝန်ရှိသူများက ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးစောသန်းထွဋ်၊ အတွင်းရေးမှူးနှင့် ပူးပေါင်းကော်မတီဝင်များ၊ World Bank Mission နှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts: