ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာခြင်း နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာခြင်း  နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့ သို့ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ သတင်းအတတ်ပညာဌာနမှ ကြီးကြပ်သူဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ မြန်မာနိုင်ငံကလျာဏယုဝခရစ်ယာန်အသင်းများ၏ အမျိုးသားကောင်စီမှ လူငယ်အမျိုးသား/ အမျိုးသမီးများနှင့် အုပ်ချုပ်သူများ၊ Y Max College၊ IT & Business Management Institute မှ ကြီးကြပ်သူများနှင့် သင်တန်းသား/သင်တန်းသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း (၃၄၆) ဦး တက်ရောက်လေ့လာခဲ့ကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့ အထိ လွှတ်တော်သို့ လာရောက်လေ့လာသူပေါင်း (၆၃,၆၂၂) ဦး ရှိကြောင်း သတင်းရရှိသည်။

လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံး တို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ပါသည်။


Related Posts: