ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် Renaissance Institute တို့၏ တွေ့ဆုံဆွေးနွေးပွဲကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် Renaissance Institute တို့၏ တွေ့ဆုံဆွေးနွေးပွဲကျင်းပ  နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် Renaissance Institute ၏ဖိတ်ကြားမှုဖြင့် Duke University မှ Public Policy and Economics ပါမောက္ခ Dr. Robert Conrad တို့၏ တွေ့ဆုံ ဆွေးနွေးပွဲကို ၁၃-၂-၂၀၂၀ ရက် (ကြာသပတေးနေ့) ၁၄၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော်(D-ဆောင်)၊ ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲ၌အခွန်အကောက်နှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များတင်ပြဆွေးနွေးခြင်းနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် Renaissance Institute တို့မှတာဝန်ရှိသူများက ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ အတွင်းရေးမှူးနှင့် ပူးပေါင်းကော်မတီဝင်များ၊ Renaissance Institute နှင့် ပြည်ထောင်စု လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


Related Posts: