World Bank Mission နှင့်အဖွဲ့အား ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ လက်ခံတွေ့ဆုံ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

World Bank Mission နှင့်အဖွဲ့အား ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ လက်ခံတွေ့ဆုံ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

World Bank Mission မှ ကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ၁၄-၂-၂၀၂၀ ရက် (သောကြာနေ့) ၀၉၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်)၊ ပထမထပ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲ၌ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအတွက် ဘဏ္ဍာရေးနှင့် ဘတ်ဂျက် စောင့်ကြပ်ကြည့်ရှုမှုအား အထောက်အကူပြုနိုင်ရန် ဝန်ထမ်းများအတွက် Certification Course ဒီဇိုင်း ရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ World Bank Mission ၏ ဆွေးနွေးချက်များအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင်များက အကြံပြုဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးစောသန်းထွဋ်နှင့် ပူးပေါင်းကော်မတီဝင်များ၊ World Bank Mission နှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


Related Posts: