ပြည်ထောင်စုလွှတ်တော်၊ ပူးပေါင်းကော်မတီ (၂)ရပ် အစည်းအဝေးကျင်းပ နေပြည်တော်၊ မေ ၁၃

ပြည်ထောင်စုလွှတ်တော်၊ ပူးပေါင်းကော်မတီ (၂)ရပ် အစည်းအဝေးကျင်းပ   နေပြည်တော်၊ မေ ၁၃

ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီတို့၏ ညှိနှိုင်းအစည်းအဝေးကို ၁၃-၅-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) ၁၁၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်)ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကြမ်းပါ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု နှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီ (၂)ရပ်မှ ကော်မတီဝင်များက ဆွေးနွေးကြသည်။ ဆက်လက်ပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ ငွေကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာ အမှတ်စဉ်(၃/၂၀၂၀) (မူကြမ်း)နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင်များနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆွေးနွေးအတည်ပြုကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီမှ အတွင်းအရေးမှူးများနှင့် ကော်မတီဝင်များ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပူးပေါင်းကော်မတီဝင်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts: