၂၀၁၉ ခုနှစ်၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာနှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ နေပြည်တော် မေ ၂၀

၂၀၁၉ ခုနှစ်၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာနှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ   နေပြည်တော် မေ ၂၀

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၉ ခုနှစ်၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ နှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအစည်းအဝေးကို ၂၀-၅-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) ၁၄၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်)ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အမှတ်စဉ် (၆/၂၀၂၀)(မူကြမ်း)အား ပူးပေါင်းကော်မတီဝင်များနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက ဆွေးနွေးအတည်ပြုကြသည်။

အစည်းအဝေးသို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပူးပေါင်းကော်မတီဝင်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။


Related Posts: