ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ နေပြည်တော်၊ ဇူလိုင် ၂၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ  နေပြည်တော်၊ ဇူလိုင် ၂၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို အစီအစဉ်(၁၈)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများကို စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဗိုလ်မှူးကြီး ဝင်းတင်စိုး အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဗိုလ်မှူးကြီး ဝင်းတင့် အားလည်းကောင်း ခန့်အပ်တာဝန်ပေးခြင်းကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ် ပထမ ၆ လပတ် အမျိုးသားစီမံကိန်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၈/၂၀၂၀)ကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ)(ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၄) က ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းပြီးနောက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၈-၇-၂၀၂၀ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ် ပထမ ၆ လပတ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာအစီရင်ခံစာနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

အထက်ပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၉/၂၀၂၀)ကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးကျော်တင့်(တပ်ကုန်းမဲဆန္ဒနယ်) က ဖတ်ကြားတင်ပြပြီးနောက် လွှတ်တော်က ဆွေးနွေး စဉ်းစားရန် အဆိုတင်သွင်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၈-၇-၂၀၂၀ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီ ဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

အထက်ပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၁၀/၂၀၂၀)ကို ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ ဒုတိယဥက္ကဋ္ဌ-၁ ဦးအောင်မင်း(ဇလွန်မဲဆန္ဒနယ်) က ဖတ်ကြားတင်ပြပြီးနောက် လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက ၂၈-၇-၂၀၂၀ ရက် (အင်္ဂါနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့အပြင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ရန်ကုန်မြို့တော်ရေဖူလုံရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ထံမှ အမေရိကန် ဒေါ်လာ သန်း ၁၈၀ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော မြန်မာနိုင်ငံနှင့် နီကာရာဂွါသမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ်ထူထောင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဒေါ်ထုမေ(ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်-၁၁)နှင့် ဒေါ်ခင်နှင်းသစ်(ပန်းတောင်းမဲဆန္ဒနယ်)တို့က ဆွေးနွေးပြီးနောက် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော အလုပ်အကိုင်လောကတွင် အကြမ်းဖက် မှုနှင့် နှောင့်ယှက်မှုပပျောက်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်-၁၉၀(၂၀၁၉)နှင့် တိုက်တွန်းချက်အမှတ်-၂၀၆(၂၀၁၉)တို့ကို မှတ်တမ်းတင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၃)ဦး နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၅)ဦးတို့က ဆွေးနွေးပြီးနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ကျေးလက်ဒေသလျှပ်စစ်ဓာတ်အားရရှိမှု မြှင့်တင်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန် ဒေါ်လာ ၁၇၁.၂၇ သန်း ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁)ဦး အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၈)ဦးနှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၁)ဦး အပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၃)ဦး၊ စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်(၁၁)ဦးတို့က ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၅:၁၀)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး ဆဋ္ဌမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက် (တနင်္လာနေ့) နံနက် (၁၀:၀၀) နာရီတွင် ကျင်းပမည်ဖြစ်သည်။

Related Posts: