၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့နှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ နေပြည်တော်၊ ဇူလိုင် ၃၀

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့နှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ   နေပြည်တော်၊ ဇူလိုင် ၃၀

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစည်းအဝေးကို ၃၀-၇-၂၀၂၀ ရက် (ကြာသပတေးနေ့) ၁၀၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်) ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့ပါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် တောင်းခံငွေများနှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီဝင်များက စိစစ်ကြသည်။

အစည်းအဝေးသို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးအောင်မင်းနှင့် ဦးစောသန်းထွဋ်၊ အတွင်းရေးမှူးများနှင့် ပူးပေါင်းကော်မတီဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts: