လွှတ်တော်နှင့် UNDP/ IPU တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်များအတွက် မဲဆန္ဒနယ်ဆိုင်ရာ အချက်အလက်များ (Constituency Profiles) မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ နေပြည်တော်၊ ဩဂုတ် ၂၇

လွှတ်တော်နှင့် UNDP/ IPU တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်များအတွက် မဲဆန္ဒနယ်ဆိုင်ရာ အချက်အလက်များ (Constituency Profiles) မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ   နေပြည်တော်၊ ဩဂုတ် ၂၇

လွှတ်တော်နှင့် UNDP/ IPU တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်များအတွက် မဲဆန္ဒနယ်ဆိုင်ရာ အချက်အလက်များ မိတ်ဆက်ခြင်းအခမ်းအနားကို ၂၇-၈-၂၀၂၀ ရက် (ကြာသပတေးနေ့)၊ လွှတ်တော်အစည်းအဝေးပြီးချိန်တွင် လွှတ်တော်ဝင်း၊ ဇမ္ဗူသီရိခန်းမဆောင် ပထမထပ်ရှိ လွှတ်တော်သင်ကြားရေးဗဟိုဌာန၊ အခန်းအမှတ် (၁) ၌ ကျင်းပသည်။

အခမ်းအနားတွင် ဦးစွာ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ UNDP မှ Committee Specialist Mr. Thomas Gregory က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် UNDP မှ စာရင်းအင်းပညာရှင် ဒေါ်ထားထားအိ က မဲဆန္ဒနယ်ဆိုင်ရာ အချက်အလက်များ အသုံးပြုခြင်း၊ အရေးကြီးပုံအကြောင်းများနှင့် အဓိကသော့ချက်များအား ရှင်းလင်းတင်ပြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ နှင့် Constituency Profile Developer Group (CPD) ကိုယ်စားပြုဝန်ထမ်းများ၊ စုစုပေါင်း ၂၉ ဦး တက်ရောက်ကြသည်။

Related Posts: