ပြည်ထောင်စုအဆင့် လွှတ်တော်(၃)ရပ်သို့ စာတိုပေးပို့မှုကို စီမံခန့်ခွဲနိုင်သော SMS Managing Software အား လာရောက်လှူဒါန်းခြင်း နေပြည်တော်၊ သြဂုတ် ၂၈

ပြည်ထောင်စုအဆင့် လွှတ်တော်(၃)ရပ်သို့ စာတိုပေးပို့မှုကို စီမံခန့်ခွဲနိုင်သော SMS Managing Software အား လာရောက်လှူဒါန်းခြင်း   နေပြည်တော်၊ သြဂုတ် ၂၈

ပြည်ထောင်စုအဆင့် လွှတ်တော်(၃)ရပ်သို့ Digital Integrated Marketing နည်းပညာကုမ္ပဏီမှ စာတိုပေးပို့မှုကို စီမံခန့်ခွဲနိုင်သော SMS Managing Software အား လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၈ ရက်၊ မွန်းလွဲ (၁၅:၀၀) နာရီချိန်တွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်)၊ ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် က အဖွင့်အမှာစကားပြောကြားပြီး Digital Integrated Marketing Company CEO ဦးဇော်နိုင် က SMS Managing Software လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် Hluttaw ICT Working Group ကိုယ်စား ပြည်ထောင်စုလွှတ်တော်ရုံး၊ CIO ညွှန်ကြားရေးမှူး ဦးအောင်သူမင်း က Hluttaw ICT Infrastructure and Services ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် အဆိုပါ Software အား အသုံးပြုနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် Digital Integrated Marketing Company CEO ဦးဇော်နိုင် က SMS Managing Software (တန်ဖိုးအားဖြင့် တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁,၂၀၀ ($1,200 USD)) အား လွှတ်တော်တစ်ရပ်လျှင် တစ်ခုစီဖြင့် ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့မှ ညွှန်ကြားရေးမှူးချုပ် တို့က အသီးသီးလက်ခံရယူခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

အဆိုပါ Software သည် လွှတ်တော်များအတွင်း e-Parliament ဆိုင်ရာကိစ္စရပ်များ ပေးပို့ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များ မျှဝေခြင်း၊ အစည်းအဝေးများပြုလုပ်ရန် ဖိတ်ကြားခြင်းနှင့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်းလုပ်ငန်းစဉ်များကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အခမ်းအနားသို့ လွှတ်တော်ရုံး(၃)ရုံးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ Digital Integrated Marketing နည်းပညာကုမ္ပဏီမှ CEO နှင့် ဒါရိုက်တာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

Related Posts: