ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ခေါင်းဆောင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၄၁) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ ဒုတိယစုံညီအစည်းအဝေးနှင့် ပိတ်ပွဲအခမ်းအနားသို့တက်ရောက်

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ခေါင်းဆောင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၄၁) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ ဒုတိယစုံညီအစည်းအဝေးနှင့် ပိတ်ပွဲအခမ်းအနားသို့တက်ရောက်

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၄၁) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ ဒုတိယစုံညီအစည်းအဝေး နှင့် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဒုတိယစုံညီအစည်းအဝေးကို နံနက် ၀၈:၃၀ နာရီတွင် စတင်ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကော်မတီများ၏ အစီရင်ခံစာများကို တင်ပြဖတ်ကြားအတည်ပြုကြပြီး (၄၁) ကြိမ်မြောက် AIPA အထွေထွေညီလာခံ၏ ကြေညာချက် (Joint Communique) ကို ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက E-Signature ဖြင့် အတည်ပြု လက်မှတ်ရေးထိုးကြသည်။

ဆက်လက်၍ ညီလာခံပိတ်ပွဲအခမ်းအနားတွင် AIPA လေ့လာသူ ပါလီမန်များအဖြစ် မော်ရိုကို နှင့် နော်ဝေပါလီမန်တို့ကို လက်ခံခြင်း၊ လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဗီယက်နမ်အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ တို့အား AIPA စွမ်းဆောင်ရည်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား တို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် အိမ်ရှင် AIPA အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ညီလာခံပိတ်ပွဲ နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် လာမည့်နှစ် (၄၂) ကြိမ်မြောက် AIPA အထွေထွေညီလာခံ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်မည့် ဘရူနိုင်းဒါရူဆလင်နိုင်ငံ ဥပဒေပြု ကောင်စီသို့ လွှဲပြောင်းတာဝန်ပေးအပ်ရာ ဥပဒေပြုကောင်စီဥက္ကဋ္ဌက AIPA ဥက္ကဋ္ဌတာဝန် လက်ခံရယူကြောင်းမိန့်ခွန်းအား video clip ဖြင့် ပြောကြားခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို နံနက် ၁၁:၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

Related Posts: