လွှတ်တော်ဝင်းအတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် တင်ဒါဈေးနှုန်းဖွင့်ပွဲများကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်

လွှတ်တော်နှင့်အိမ်တော်အဆောက်အဦများ ထိန်းသိမ်းရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွက် လွှတ်တော်ဝင်းအတွင်း ပြုပြင်ထိန်းသိမ်းရေး (မြို့ပြ၊ ရေသန့်၊ လျှပ်စစ်) လုပ်ငန်း ၁၃ ခု အတွက် တင်ဒါဈေးနှုန်းဖွင့်ပွဲများကို Video Conferencing စနစ်အသုံးပြု၍ ပြည်ထောင်စုလွှတ်တော် (D-ဆောင်) ၊ ပထမထပ် အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ တင်ဒါကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ၏အုပ်ချုပ်မှုဆိုင်ရာ ပူးပေါင်း ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်၍ တင်ဒါ ကော်မတီဝင်များ၊ လွှတ်တော်ရုံးများနှင့် လွှတ်တော်/အိမ်တော်ထိန်းသိမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများက Video Conferencing စနစ် အသုံးပြု၍ တင်ဒါအဆိုပြုယှဉ်ပြိုင်သူ ကုမ္ပဏီ ၃၂ ခု မှ အဆိုပြုဈေးနှုန်းများ ပေးပို့စေကာ Conferencing Screen တစ်ခု၊ ဈေးနှုန်းအဆိုပြု Screen ၂ ခု အသုံးပြုပြီး ပွင့်လင်း မြင်သာစွာဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ယခုအခါ Covid-19 ရောဂါ ဖြစ်ပွားနေမှုကြောင့် နိုင်ငံအတွင်း သွားလာကူးသန်းမှု ခက်ခဲနေချိန်တွင် တာဝန်ရှိသူများမှ သက်ဆိုင်ရာကုမ္ပဏီများသို့ လူကိုယ်တိုင်လာရောက်ရန်မလိုဘဲ လုံခြုံစိတ်ချစွာဖြင့် Video Conferencing စနစ် အသုံးပြုကာ လွှတ်တော်ဝင်းအတွင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် အရှိန်အဟုန်မပျက် ပုံမှန်ဆက်လက်လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: